MMgenius Blog Service ပြန်လာပြီ

MMGENIUS ကို အဓိက တည်ထောင်သူ ကိုဘလက် ရဲ့ မူရင်းပို့စ်ကိုပဲ ကော်ပီကူးပြီး ပြန်တင်ပေးလိုက်ပါတယ် ခင်ဗျာ။ MMgenius နဲ့ အကျွမ်းဝင် ခဲ့ပြီးသား သူတွေရော၊ အကျွမ်းဝင်ချင် နေတဲ့ သူတွေရော၊ အကျွမ်းဝင်လာမယ့် သူတွေပါ ဒီပို့စ်လေးကို အစအဆုံး ဖတ်ပေးဖို့ မေတ္တာရပ်ခံ ချင်ပါတယ် ခင်ဗျာ။   Blog မရေးတာ ကြာဆို တော်တော်ကြာပေါ့…။ ဘာရေးရမှန်း မသိတာရော…။ အရင်လို အင်တာနက်ကို အချိန်ပြည့်မသုံးနိုင်တာရော…။ မအားတာရော အားလုံးတိုက်ဆိုင်နေတော့ ဘယ်လိုမှမရေးဖြစ်ပါဘူး..။ အခုကတော့မင်္ဂလာသတင်းတစ်ခု ပြောချင်လိုပါ…။ တစ်ခြားတော့မဟုတ်ပါဘူး..။ တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက် Ban ခံလိုက်ရတဲ့နောက်ပိုင်း ဆက်မလုပ်ဖြစ်တော့တဲ့ MMGenius Blog Service ကို အခု ကျွန်တော်တို့ ပြန်ပြီးအကောင်အထည်ဖော် လိုက်ပြီ […]

Internet Download Manager Free Download

မိတ်ဆွေ သူငယ်ချင်းတွေ အတွက် တပျော်တပါး ဒေါင်းလုဒ်ဆွဲနိုင်စေဖို့ Internet Download Manager Version အမြင့်ကို Patch ဖိုင်နဲ့တကွ တင်ပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။ Download ဆွဲရန်  

လျှာဒိုဘီ

ကျွန်တော် ဘလော့ဂ်မှာ ပို့စ်မတင်ဖြစ်တာလဲ ကြာပါပြီ။ ကျွန်တော့် ဘလော့ဂ်လေးကို ပစ်ထားရတာ ကြာလာတော့ သနားလာမိပါတယ်။ ဒါကြောင့်မို့ ပြန်လည် အသက်သွင်းတဲ့ အနေနဲ့ အများသူငါ အတွက် အတုယူစရာ၊ ဗဟုသုတ ရစရာ၊ မှတ်သားစရာ အကြောင်းအရာ လေးတစ်ခုကို တင်ပြလိုက်ပါတယ်။ လိုက်နာ ကျင့်သုံး ကြလိမ့်မယ် လို့လည်း မျှော်လင့်မိပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ချာတိတ်လေး တစ်ယောက် ရှိပါတယ်။ ရပ်ကွက်ထဲက တခြား ချာတိတ်တွေနဲ့ ဆော့တဲ့ အခါကျရင် သူက နေရာတကာ ဗိုလ်ဖြစ်ပါတယ်။ ကလေးတွေ ကြားထဲ အခက်အခဲ တခုခုကြုံလာ ရင်လည်း သူက ဖြေရှင်းလေ့ ရှိပါတယ်။ ဒီလိုနဲ့ တနေ့ ကျွန်တော်တို့ ခြံရှေ့မှာ သူတို့ […]

နွားအဖြစ်မှ လွတ်မြောက်မှု

ကျွန်တော် တရက်က ဗိုလ်အောင်ကျော်လမ်းက Mobile Country ဆိုတဲ့ ဖုန်းရောင်းတဲ့ဆိုင်ကို ရောက်သွားတယ်။ အကြောင်းကတော့ ကျွန်တော် တခြားနိုင်ငံက ၀ယ်လာတဲ့ LG Optimus Black P970 Handset ကို Application သွင်းဖို့ခင်ဗျ။ ဟိုက ၀ယ်လာတာ သာမန်ပဲ ဆိုတော့ ကျွန်တော်လည်း ကလိလို့ရအောင် ဘာဘာညာညာ ထည့်ချင်တာပေါ့။ အဲ့ဒီ ဆိုင်ရောက်သွားပြီး ကျွန်တော်ဖြစ်ချင်တာကို ပြောပြပါတယ်။ အဲဒီဆိုင်က ချာတိတ်က ကျွန်တော့်ကို ဒရိုင်ဘာစီဒီ ပါလားလို့မေးတယ်။ ကျွန်တော်က ၀ယ်ကတည်းက မပါကြောင်း ပြောပြပါတယ်။ သူက ဆိုင်အသစ်ဖြစ်တဲ့အတွက် Application အစုံထည့်ပေးမယ် ၅၀၀၀ ကျမယ်လို့ ပြောတော့ ကျွန်တော်ကလည်း လက်ခံလိုက်ပါတယ်။ သူက ကျွန်တော့်ဖုန်းကို အဖုံးဖွင့် SD Card […]

After Birthday

ဘလော့ဂ်ကိုလက်နဲ့မထိတာ တော်တော်ကြာနေပြီ။ မိတ်ဆွေတစ်ယောက် အတွက် ဘလော့ဂ်တစ်ခု လုပ်ပေးရင်း ကျွန်တော့်ဘလော့ဂ်လေးမှာ ပို့စ်တင်ချင်စိတ်တွေ ပေါ်လာတယ်ဗျာ။ တင်စရာအကြောင်းအရာ ဆန်းဆန်းပြားပြားကလည်း မရှိဘူး။ ဒါနဲ့ပဲ မထူးဇာတ်ခင်းတဲ့ သဘောနဲ့ ကျွန်တော့်ရဲ့ လက်ရှိခရီးစဉ်က ဓါတ်ပုံလေးတွေကို အမှတ်တရ တင်လိုက်တယ်ဗျာ။ ကျွန်တော် ဆော်ဒီအာရေးဗီးယားကို ဘုရားဖူးခရီးစဉ် အဖြစ်နဲ့ ရောက်နေတာ တစ်လပြည့်တော့မယ်။ အုပ်စုဂိုက်ဒ် အဖြစ်လာတာဆိုတော့ သတ်မှတ်ထားတဲ့ ရက်ပြည့်မှာပဲ ပြန်ဖြစ်မှာဆိုတော့ မနေ့ကဖြစ်ခဲ့တဲ့ ကျွန်တော့်မွေးနေ့ကိုတောင် မေ့တေ့တေ့ ဖြစ်နေတယ်။ သူငယ်ချင်းတွေကတော့ ဖေ့စ်ဘုက်မှာ ၀စ်ရှ်တွေ လုပ်ထားကြတယ်။ အိမ်က လေဒီဇော့ခ်စ် ကတော့ တနေ့က ကတည်းက ဘယ်သူမှ ၀စ်ရှ်မလုပ်ခင် ဦးအောင်ဆိုပြီး အီးကတ် တစ်ခုပို့လိုက်တယ်ဗျာ။ ပြန်မယ့်ရက်ကလည်း သိပ်မလိုတော့ဘူး။ မွေးနေ့အမှတ်တရ ကိုတော့ အိမ်ပြန်ရောက်မှပဲ လုပ်ဖြစ်မယ်ထင်တယ်။ […]

YouTube နဲ့ Web ပေါ်က Video clips တွေကို ဒေါင်းဖို့

တနေ့ကပဲ အင်တာနက် သုံးရင်း နှစ်ပေါင်းများစွား ဘန်းခံထားရတဲ့ YouTube ကို ၀မ်းသာအားရ ဖွင့်သုံးနေမိရာက IDM နဲ့ လတ်တလော ဒေါင်းမရတဲ့ YouTube ကလစ်ပ်တွေကို Down လို့ ရမယ့် Downloader ကို ရှာဖွေမိပါတယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ညီငယ် တစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ Maxthon Browser ကို တွေ့ရှိမိပါတယ်။ ကြည့်လို့ရတဲ့ ဘယ်လို ဗွီဒီယို ကလစ်ကို မဆို Maxthon Browser နဲ့ ဖွင့်သုံးမယ်ဆိုရင် အလွယ်တကူ ဒေါင်းလို့ရပါတယ်။ အတော်သုံးလို့ ကောင်းတဲ့ Browser ဖြစ်သလို သုံးရတဲ့နေရာမှာလည်း အတော်လေးကို လွယ်ကူမှုရှိပါတယ်။ စိတ်ကြိုက် Video Clip တွေကို ဒေါင်းဖို့ ဆန္ဒရှိနေတဲ့ နေ့မှာ […]

Dubai Visit Visa Applying Service

Dubai (U.A.E) Visit Visa နဲ့ ပတ်သက်ပြီး ရရှိနိုင်ဖို့ အနည်းနဲ့ အများဆိုသလို အခက်အခဲ ရှိကြပါတယ်။ အကယ်၍များ အဲ့ဒီလို အခက်အခဲလည်းရှိ၊ ဒူဘိုင်းကိုလည်း အလည်အနေနဲ့သွားချင်တယ်ဆိုရင် ယူအေအီး အလည်ဗီဇာကို အခက်အခဲမရှိ တစ်ပတ်အတွင်း ၀န်ဆောင်မှုပေးပါတယ်။ လိုအပ်တဲ့ သူများ ဆက်သွယ်ကြပါရန် ဒူဘိုင်းအကျိုးမျှော်၍ နှိုးဆော်အပ်ပါတယ် ခင်ဗျာ။