Diary (lV)

အရှင်မြတ်ရဲ့အသနားတော်နဲ့ စွမ်းအားပေးမှူနဲ့ ကျနော် ကြိုးစားနေခဲ့တယ်။ (Alhamdu Lillah) ကြိုးစားမှူတွေ အပေါ် အရှင်မြတ်ကလည်း ကောင်းတဲ့အစားတွေ ပေးနေတယ်။ လက်ရှိအချိန်မှာ ကျနော်တို့ အရှင်မြတ် အပေါ် ပိုပိုပြီး သတိရနေကြရမယ် .. (မင်းခက်)

Hacking, DDoS နှင့် လူနှစ်ဦး

တခါတုန်းက ကျွန်တော် ခင်မင်လေးစားရတဲ့ ဟက်ကာတစ်ဦးနဲ့ ပြောဖြစ်ခဲ့တဲ့ စကားလေးတွေကို အင်တာဗျူး ပို့စ်လေးအဖြစ် ပြန်လည်တင်ဖြစ် သွားပါတယ်။ ဟက်ကာသမာရင့်တွေ အတွက် ဒီစကားတွေဟာ ဘာမှမဟုတ်လောက်ဘူးလို့ ထင်ရပေမယ့် လေ့လာသူတွေ၊ ဗဟုသုတ ဆည်းပူးသူတွေ အတွက်တော့ ဒီစကားလေးတွေဟာ တဖက်တလမ်းက အသိပညာ တိုးပွားစရာလေးတွေ ဖြစ်ပါတယ်။ သုံးတတ်ရင်တော့ ဘာမဆို ဆေးဖြစ်ပါတယ် ခင်ဗျာ။ (အစ်ကိုရေ… ဆက်ပြောပါဦးဗျ။ ဟက်ကင်း တစ်ပ်စ် လေးတွေ။) (လွယ်လွယ်ပြောရရင် ဟက်ကင်းနဲ့ ပတ်သက်ပြီး လုပ်နည်းက ၂ မျိုးပဲရှိတယ်။ အကြိမ်ကြိမ်တိုက်မလား၊ အပြီးတိုင်တိုက်မလား။ ၂ ခုစလုံးရဲ့နောက်က အီလောထရွန်းနစ်ပုဒ်မနဲ့ငြိတဲ့အတွက် အနည်းဆုံး ၇ နှစ်ကနေ ၁၅ နှစ်ထိထောင်ထဲမှာ နေရမယ်။ ဟက်တော့မယ် ဆိုရင် အဓိကကတော့ အင်တာနက်ကို ၂၄ […]

wp-flake plugin for wordpress

ကျွန်တော် wp-flake plugin ကို မောင် ဘရီးဇ်ဆီကနေ စပြီး ရခဲ့တာပါ။ သူ့ဘလော့ဂ်ဟောင်းလေးမှာ အဲဒီ ပလဂ်အင်သုံးထားတာကို တွေ့လို့ ကျွန်တော်လည်း နှစ်သက်ပြီး သူ့ဆီက ကျွန်တော် တောင်းခဲ့ပါတယ်။ သူကလည်း ကျွန်တော့်ကို လိုလိုလားလားနဲ့ နည်းလမ်းပြပြီး ပေးခဲ့ပါတယ်။ wp-flake plugin ဆိုတာ အခု ကျွန်တော့် ဘလော့ဂ် စာမျက်နှာမှာ အသုံးပြုထားတဲ့ နှင်းတွေကျနေတဲ့ ပုံစံမျိုး Effect လေးပါ။ ကျွန်တော်တို့ mmgenius ၀ိုင်းတော်သား မောင်ဇော်ထိုက် အပါအ၀င် မိတ်ဆွေတော်တော်များများက အဲဒီ ပလဂ်အင် အသုံးပြုပုံလေးကို ကျွန်တော့်ကို မေးကြပါတယ်။ သူတို့ အပါအ၀င် တခြားသိချင်တဲ့ သူတွေရှိခဲ့ရင်လည်း အလွယ်တကူ သိရှိအသုံးပြုနိုင်အောင် ကျွန်တော်ပို့စ်အဖြစ် တင်လိုက်ခြင်း ဖြစ်ပါတယ်။ wp-flake […]

Restart မလိုသော ဇော်ဂျီကီးဘုတ်

ပီတိအော့ဖ်ဘလော့ဂ် ကိုရေးပြီးနောက်ပိုင်း ဖောင့်တ် အခက်အခဲကြောင့် ကျွန်တော် ပို့စ်တွေရေးလို့မရ ဖြစ်ခဲ့ရပါတယ်။ သူငယ်ချင်း ဘလော့ဂ်တွေကို သွားလည်တဲ့ အခါမှာလည်း ကောမန့်ရေးချင်ပေမယ့် အဲဒီ ဖောင့်တ် အခက်အခဲကြောင့်ပဲ ကောမန့်တွေ မရေးပဲ ထားဖြစ်ခဲ့ရပါတယ်။

ပီတိအော့ဖ်ဘလော့ဂ်

သူငယ်ချင်းတွေရဲ့ ကျောင်းအဆောင်ကို ခဏရောက်ရင်း သူတို့နောက်နေ့ စာမေးပွဲရှိတာနဲ့ ကျွန်တော်လည်း စောစောစီးစီး ညက အိပ်လိုက်မိပါတယ်။ ၀ါယာလက်စ် ကော်နက်ရှင်ကလည်း လုံးဝအဆင်မပြေတာနဲ့ ဆန္ဒရှိပေမယ့်လည်း ဘလော့ဂ်ကို ဖွင့်မကြည့်ဖြစ်တော့ဘူးပေါ့။ နောက်တစ်နေ့မှာတော့ သူငယ်ချင်းတွေက စောစောစီးစီးထပြီး သူတို့ကျောင်းကို သွားကြပါတယ်။ ကျွန်တော်ကတော့ အားအားရှိရှိတာနဲ့ ဆက်အိပ်နေလိုက်တာပေါ့။ အရင့်အရင် ရက်တွေက အိပ်ပျက်ထားတာတွေကို အတိုးချတယ်လို့လည်း ဆိုရပါမယ်။ ခရီးသွားလုပ်ငန်း နဲ့အတူ ဒီနိုင်ငံကို ရောက်လာပြီး ကတည်းက ခရီးသည်တွေကို အကျိုးဆောင်ပေးရင်း နားချိန်က သိပ်မရှိတော့ နားချိန်လေး ရတုန်းမှာ အားရပါးရ နားနေလိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခရီးသွားကာလမှာက မျက်စိလည်ပြီး ပျောက်သွားတဲ့ ခရီးသည်တွေကို ရှာရရင် ထမင်းစားချိန်ပါ မေ့ပြီး ထမင်းပါငတ်ရတာကိုးဗျ။ ကိုယ့်မှာကလည်း တာဝန်ရှိတော့ မဖြစ်မနေ မတွေ့တွေ့အောင် […]

Happy Birthday

ကောင်မလေးရေ… လူသားတစ်ဦးရဲ့ အပြစ်အကင်းစင်ဆုံး အချိန်ဟာ သူမွေးဖွားလာတဲ့ နေ့ပဲဟ။ ဒီဇင်ဘာလ ၁၇ ရက်နေ့ဟာ ဒီလောကကြီးမှာ နင်မွေးဖွား လာတဲ့နေ့ဆိုတော့… ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ဘ၀မှာတော့ နင်ဟာအမြဲတမ်း အပြစ်ကင်းစင်နေမှာပါ။ ငါ့အတွက် အမြဲတမ်း ဖြူစင်နေမှာပါ။ အမြဲတမ်း ချစ်စရာကောင်းနေဦးမှာပါ။ ကောင်မလေးရေ…။ နင့်အနီးမှာ ငါ့ရှိမနေနိုင်ပေမယ့် နင့်အတွက် ငါအဝေးကနေ ဆုတောင်းပေးနေပါတယ်။ နင့်အပေါ် ငါအရမ်းလွမ်းနေပါတယ်။ ငါသေသွားတဲ့ နေ့အထိ နင့်ကိုငါ ချစ်နေပါမယ် ကောင်မလေးရယ်…။

အိမ်လွမ်းသူ

<![CDATA[ အိမ်လွမ်းသူ ကိုရေးနေဆဲ ကာလမှာပဲ ကျွန်တော်၊ သူငယ်ချင်းတွေကိုလည်း ဒီပို့စ်လေးကို ရေးဖို့ လိုက်တဂ်လိုက်ပါတယ်။ သူငယ်ချင်း အားလုံးကလည်း မညီးမညူလက်ခံ ပေးကြပါတယ်။ ဒီပို့စ်လေးကို ကျွန်တော် ရေးဖို့ဆန္ဒရှိနေတဲ့ အချိန်မှာ သူငယ်ချင်းတွေကို ရေးစေချင်တဲ့ ဆန္ဒကလည်း ဘာဖြစ်လို့ တပြိုင်တည်း ပေါ်လာရတာလည်း ဆိုတော့ လူတိုင်းလိုလို အိမ် နဲ့ ခွဲခွာခဲ့ရဖူးတယ်လို့ ကျွန်တော် စိတ်ထဲက ထင်နေမိလို့ပါပဲ။ အဲဒီလို အိမ်နဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ဖြစ်ရှိလာတဲ့ အိမ်လွမ်းစိတ် ကလေးဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူ ဘယ်လိုခြားနား နေမလဲဆိုတာကို သိရှိခံစားနိုင်စေဖို့ ကျွန်တော် တဂ်ရခြင်း ဖြစ်ပါတယ်။ ဟုတ်ကဲ့.. ကျွန်တော် အခု ပြောပါတော့မယ်။ ကျွန်တော့်ဘ၀မှာ ကလေးဘ၀ကနေ၊ လူပျိုဘ၀အထိ အိမ်နဲ့မခွဲခဲ့ရဖူးပါဘူး။ […]

ကျွန်တော်နှင့် အိမ်ထောင်ရေး

ကောင်မလေးရေ… ငါ့ရင်ဘတ်ထဲမှာ မှန် တစ်ချပ်ရှိတယ်။ အဲဒီမှန်ထဲမှာ နင့်ရဲ့ ပုံရိပ်ပဲ အမြဲတမ်းပေါ်နေတယ်။ တကယ်လို့ နင်သာ… ငါ့ကိုပစ်သွားလို့ ငါ့ရင်ကွဲသွားမယ်ဆိုရင် ငါ့ရင်ဘတ်ထဲက အဲဒီမှန်တစ်ချပ်လည်း ကွဲသွားလိမ့်မယ်။ ဒါပေမယ့်… အဲဒီမှန်ပေါ်မှာ ထင်နေတဲ့ နင့်ပုံရိပ်ကတော့ ပျက်သွားမှာ မဟုတ်ဘူး။ မှန်ကွဲစတိုင်း၊ မှန်ကွဲစတိုင်းမှာ နင့်ပုံရိပ် တစ်ပုံစီ၊ တစ်ပုံစီ တိုးလို့ ထင်နေမယ် ကောင်မလေးရယ်… ။ (ကျွန်တော့် ဘေးမှာ အမြဲတမ်း မငြီးမငြူ၊ ပါရမီဖြည့်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်ဇနီး ကို ဒီကဗျာလေး နဲ့ ရည်ရွယ်ပါတယ်။) နောက်ပြီး (ကျွန်တော်နှင့် အိမ်ထောင်ရေး) ဆိုပြီး တဂ်လာတဲ့ မိုးသည်းည တဖြစ်လဲ ဘလော့ဂ်ဂါ ကျွန်တော် ကိုလည်း၊ ကျွန်တော့်ရဲ့ အိမ်ထောင်ရေးဟာ ဒီကဗျာထဲက အတိုင်း […]