မေမေ့ကိုပဲ တိုင်တည်ရဦးမယ်…

မေမေ… တခုခု ဆိုရင်လေ… မေမေ… ကျနော့်မှာ ခိုလှုံစရာ ဆိုတာက မေမေပဲ ရှိခဲ့ဖူးတာကိုး… ဘ၀မှာ…. ငယ်ငယ်တုန်းက ကျနော် အမှား လုပ်မိတဲ့အခါ အဖေ့ကြိမ်လုံးအတွက် ခိုလှုံစရာ အမေ့ ထမိန်ပဲရှိပါတယ်…. ကျနော့်ကို အဖေရိုက်တဲ့ အခါ… အမေ့ ထမိန်စကို ဆွဲထားတဲ့ သားကို… ဟိုးတခါ… စစ်ထောက်လှမ်းရေးတွေ…. အမေ့ကို ဆွဲသွားကတုန်းလိုမျိုး…. အမေ့ ထမိန်စကို အမေ ဆောင့် မဆွဲသွားဘူး…. အမေ့သားလေး… အဖေ့ တုတ်ချက်တွေကို ဘယ်လောက်ကြောက်တယ်ဆိုတာ အမေသိတယ်… ကျနော်က အမှားအယွင်း သိပ်လုပ်တာမဟုတ်ဘူး… လိမ်လိမ်မာမာနေတဲ့ သား… အမေ့သားကြီးလို မဆိုးဘူး… အမေသိပါတယ်… ဒါမယ့် … တခါတခါလည်း ကျနော် မှားပါတယ် မေမေ… ခုတော့ ကျနော့် […]

ယူစေတော့

ငါ့မှာ ဘာမှ မရှိဘူး ကောင်မလေး ရယ်။ ငါ့ တသက်လုံး စောင့်စည်းလာတဲ့ သစ္စာတွေကိုပဲ နင် ထပ်ယူပါနော်။

ဆုတောင်း

ငါ မြက် ဖြစ်ချိန် နှုတ်ယူဖို့ ကြိုးစားတဲ့ သူတွေ၊ မုန်တိုင်းမှာ မင်းတို့ စပါးတွေ သက်စိုးရှည်ပါစေ………………။

ဝမ်းနည်းမှတ်တမ်း

ကျွန်တော် အမိမြန်မာ နိုင်ငံကို ပြန်ရောက်တဲ့ နေ့မှာပဲ သတင်းဆိုး တစ်ခုကို ကြားခဲ့ရ ပါတယ်။ လေဆိပ်မှာ ရှိနေတုန်း အဲယားလိုင်း ကတာဝန်ရှိသူ တစ်ဦးက ကျွန်တော့်ကို အပြေးအလွှား လာအကြောင်းကြား တာပါ။ ကျွန်တော့် အပေါ် အဖေလို၊ ကျွန်တော့်ဘက် ကလည်း ဖခင်တစ်ယောက်လို ချစ်ခင် ဆက်ဆံ ခဲ့တဲ့ ကျွန်တော့်ရဲ့ ယောက္ခထီး ကွယ်လွန်ဆုံးပါး သွားခဲ့ပါတယ်။ လက်ဆွဲအိတ် တွေကို လေဆိပ်မှာ ကျွန်တော်ထုတ်ဖို့ စောင်းဆိုင်းနေချိန်မှာ သူ့ကိုလည်း အသုဘချဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်လည်း အကြောင်းကြား ချက်ကို ကြားသိရ ရချင်း လက်ဆွဲအိတ် တွေကို မယူပဲ အပြင်ကို ချက်ချင်းထွက်လာ ခဲ့လိုက်ပါတယ်။ အပြင်မှာ ကျွန်တော့် အဖေနဲ့ အမေရယ်၊ နောက်တခြား […]

နှစ်မကူးခင် ရေးတဲ့စာ

ကောင်မလေးရေ… နင်နဲ့ ငါနဲ့ခွဲနေရတာ သတင်းပတ်တွေလည်း တော်တော်တောင် လွန်ခဲ့ပြီနော်။ နင်နဲ့ ဝေးနေရတဲ့ နေ့တိုင်း နင့်အပေါ် ငါအမြဲ သတိရနေပါတယ်။ သတိရတဲ့ အချိန်တိုင်းလည်း နင်နဲ့ ငါ့ဘ၀အတွက် အမြဲတမ်း တောင်းဆုပြုပါတယ်။ ငါတို့ဘ၀တွေ ခိုင်မာလာဖို့နဲ့ ရင်ဆိုင်နေရတဲ့ သောကတွေကနေ ကင်းဝေးဖို့ ငါတို့ အရှင်ဆီကနေ ငါအမြဲတမ်း တောင်းခံနေပါတယ်။ ကောင်မလေးရေ… ဒီနေ့က နှစ်ဟောင်းကုန်မယ့် နှစ်သစ်မကူးတကူး ညနော်။ အားလုံးက ပျော်နေကြပေမယ့် (အားလုံးလည်း ပျော်ရွှင်ကြပါစေ။) နင်နဲ့ ဝေးနေရတဲ့ ငါ၊ အဝေးကနေ နင့်ကို သတိရနေပါတယ်။ နင့်အပေါ် လွမ်းဆွတ်နေပါတယ်။ လာမယ့် နှစ်မှာ ငါတို့ နှစ်ယောက် ပြန်ဆုံကြရအောင် ကောင်မလေးရယ်။