မေမေ့ကိုပဲ တိုင်တည်ရဦးမယ်…

မေမေ… တခုခု ဆိုရင်လေ… မေမေ… ကျနော့်မှာ ခိုလှုံစရာ ဆိုတာက မေမေပဲ ရှိခဲ့ဖူးတာကိုး… ဘ၀မှာ…. ငယ်ငယ်တုန်းက ကျနော် အမှား လုပ်မိတဲ့အခါ အဖေ့ကြိမ်လုံးအတွက် ခိုလှုံစရာ အမေ့ ထမိန်ပဲရှိပါတယ်…. ကျနော့်ကို အဖေရိုက်တဲ့ အခါ… အမေ့ ထမိန်စကို ဆွဲထားတဲ့ သားကို… ဟိုးတခါ… စစ်ထောက်လှမ်းရေးတွေ…. အမေ့ကို ဆွဲသွားကတုန်းလိုမျိုး…. အမေ့ ထမိန်စကို အမေ ဆောင့် မဆွဲသွားဘူး…. အမေ့သားလေး… အဖေ့ တုတ်ချက်တွေကို ဘယ်လောက်ကြောက်တယ်ဆိုတာ အမေသိတယ်… ကျနော်က အမှားအယွင်း သိပ်လုပ်တာမဟုတ်ဘူး… လိမ်လိမ်မာမာနေတဲ့ သား… အမေ့သားကြီးလို မဆိုးဘူး… အမေသိပါတယ်… ဒါမယ့် … တခါတခါလည်း ကျနော် မှားပါတယ် မေမေ… ခုတော့ ကျနော့် […]