WordPress Locally

မနေ့က ကျွန်တော်နဲ့ ကျွန်တော်တို့ ၀ိုင်းတော်သား မောင်ဥဂ္ဂါ တို့ တွေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်တွေ့တိုင်း များသောအားဖြင့် MMG ဖိုရမ်အကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ မောင်ဥဂ္ဂါကတော့ သူတို့ရဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ အကြောင်း မမောနိုင်၊ မပန်းနိုင် ပြောသလို ကျွန်တော်ကလည်း ကျွန်တော်နှစ်သက်တဲ့ WordPress အကြောင်းနဲ့ ကျွန်တော်ဝါသနာပါတဲ့ WordPress theme ကလိပုံတွေ အကြောင်းကို ရေနွေးကြမ်း သောက်သောက်ပြီး ပြောပါတယ်။ (မောလို့ပါ)။ အဲဒီလို ပြောကြရင်း သူ့စကားတွေဘက် ကျွန်တော် ပါသွားလိုက်၊ ကျွန်တော့် စကားဘက် သူပါလာလိုက်နဲ့ နောက်ဆုံး WordPress theme တွေ အကြောင်းမှာ ကျွန်တော်တို့ ၂ ယောက် ခြေချင်းလိမ် နေကြပါတယ်။ အဲဒီအခါမှာ မောင်ဥဂ္ဂါ က […]

ကိုယ့်အကြိုက်

လူတိုင်း လူတိုင်းတွင် ကိုယ်စီ ကိုယ်စီ အကြိုက်တစ်မျိုးစီ ရှိကြဧ။်။ ထို အကြိုက်များအား အချို့သူတို့ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရဧ။်။ အချို့သူတို့မှာမူ စိတ်ကူးထဲတွင်သာ ပိုင်ဆိုင်နိုင်ကြပါဧ။်။ ကျွန်တော်သည် အချို့ကို တကယ်ပိုင်ဆိုင် ခဲ့ရပါဧ။်။ အချို့ကို စိတ်ကူးတွင်သာ ပိုင်ဆိုင်ရပါဧ။်။ အချို့ကိုမူ ပိုင်ဆိုင်ပြီးမှ စွန့်လွှတ်ခဲ့ ရပါဧ။်။ ကျွန်တော် ကြီးပျင်းရှင်သန်ခဲ့ရာ ကျွန်တော်တို့ မိသားစု နေထိုင်ခဲ့သော နေအိမ်ကြီးကို ကျွန်တော် အလွန် ကြိုက်နှစ်သက်ခဲ့ပါ၏။ ကျွန်တော့်အား မိဘများနှင့် အတူ ကြည်နူးနွေးထွေး မှုကို ပေးသော ထိုအိမ်ကြီးကို ကျွန်တော် အလွန် သံယောဇဉ် ရှိခဲ့ပါ၏။ ယနေ့ထက်တိုင် ဖြစ်ပါသည်။ သို့သော် ယခုနေ့ အခါတွင်မူ ကျွန်တော် ထို အကြိုက်ကို စွန့်လွှတ်ခဲ့ရ၏။ […]

WordPress Banner အလွယ်တကူ ပြောင်းဖို့

WordPress banner တွေ၊ Theme တွေ ခဏခဏ ပြောင်းပြီး၊ ကလိချင်နေတဲ့ သူတွေ အတွက် ဒီပို့စ်လေးကို ရည်ရွယ်ပါတယ်။ ကျွန်တော့်ကို လမ်းညွှန်ပေးတာကတော့ ကျွန်တော့် ဆရာ မောင်သားဖြိုး ပါ။ ကျွန်တော်တို့လို ကလိတာ ၀ါသနာပါ သူတွေအတွက် လွယ်ကူစေဖို့ ကျွန်တော် ပြန်လည် ဝေမျှပါမယ်။ ဖြတ်လမ်းနည်းလေး တစ်ခုပါခင်ဗျာ။ ကျွန်တော်တို့ အရင်က မိမိသုံးထားတဲ့ သီးမ်စ်တွေမှာ ဘန်နာပြောင်းချင်ရင် FTP ကို Run ဦး၊ ဟို့စ်တင်းကို သွားဦး၊ အဲဒီထဲမှာမှ Image ဖိုင်ကို ၀င်ဦးနဲ့ တဆင့်ပြီး တဆင့် အလုပ်ရှုပ်ရပါတယ်။ ဒီကြားထဲ ကော်နက်ရှင်က မကောင်းရင် FTP ကလည်း ဒုက္ခပေးတတ်ပါသေးတယ်။ ဒါကြောင့် အဲဒီလို ရှည်ရှည်ဝေးဝေး […]

အသိတရား

ကျွန်တော်တို့ အားလုံး လူအဖြစ် မွေးဖွားလာပြီး တဲ့နောက်မှာ အသိတရား ကိုယ်စီတော့ ရှိလာကြပါတယ်။ အရူးတွေမှာ တောင် သူတို့နဲ့ ပတ်သက်တဲ့ အသိတရားလေး တွေတော့ အနည်းနဲ့ အများရှိကြပါတယ်။ အဲ.. လူမဟုတ်တဲ့ တိရစ္ဆာန်တွေ မှာလည်း သူတို့နည်း သူတို့ဟန်နဲ့ သူတို့နဲ့ ပတ်သက်တဲ့ အသိတရားလေးတွေ ရှိကြပါတယ်။ ဒါပေမယ့် လူကောင်း ပကတိ ဖြစ်ပြီး လူ့အသိစိတ် ပါမလာတဲ့ သူတွေကတော့ အဲဒီ အရူးတွေ၊ တိရစ္ဆာန်တွေလောက် တောင် တန်ဖိုးရှိနိုင်မှာ မဟုတ်ပါဘူးဗျာ။ မိနှင့်ဘ ကမွေးဖွားလို့ ကျွန်တော်တို့ လူ့လောက ကိုရောက်လာပါတယ်။ ဘာမှမလုပ်ပဲ နို့သောက်ပြီး ဗိုက်ပြည့်လာခဲ့တယ်။ ဒီအသက်အရွယ်ထိ ကြီးပြင်းလာခဲ့ပါတယ်။ စာတတ်လာတယ်။ လူတွေနဲ့ ဆက်ဆံတတ်လာတယ်။ အရင်တချိန်မှာ ကိုယ့်အပေါ် လိုလေးသေး […]

Return of MMgenius by Blackdream

ကျွန်တော်တို့ MYANMARGENIUS နဲ့ MMGENIUS BLOG SERVICE ရဲ့ တည်ထောင်သူနဲ့ ADMIN ချုပ်ဖြစ်တဲ့ ကိုဘလက် (Blackdream21) ရဲ့ မိန့်ခွန်းလေးကို ကျွန်တော် အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ MMGENIUS ပြန်လည် လည်ပတ်ခြင်း အထိမ်းအမှတ် ဖြစ်ပါတယ် ခင်ဗျာ။ အားလုံးပဲ မင်္ဂလာပါ..။ 🙂 ကျွန်တော်လည်း ပေါ်မလာ ဇာတ်လမ်းရိုက်နေတာ တော်တော်ကြာ သွားပါတယ်..။ ပုံပြောသွားတယ်လို့တော့ မထင်စေချင်ဘူး..။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဘာတွေနဲ့ရှုပ် လို့ရှုပ်မှန်းကို မသိအောင် ရှုပ်ရှက်ခက်နေတာပါ။ ကြွားတယ်လို့တော့ မထင်စေချင်ဘူး..။ (ဟဲ ဟဲ..။ ကြွားတာကတော့ ကြွားတာပေါ့) ကျွန်တော် Laptop လေးတစ်လုံးအသစ် ၀ယ်လိုက်ပါတယ်..။ အဲ့ဒီ့ ၀ယ်လိုက်တဲ့ Laptop မှာပါတဲ့ VGA […]

ဂျီတော့ခ် မနျူရယ်လ်

ကျွန်တော်လည်း ဒီအကြောင်းတွေကို ခဏခဏ မပြောချင် တော့ပါဘူးဗျာ။ အားအားရှိ အရည်မရ အဖတ်မရ ဂျီတော့ခ် ထိုင်ထိုင် ပြောနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး။ ကိုယ်နဲ့မှ မဆိုင်တာ၊ မင်းဟာမင်း အေးအေး ဆေးဆေး နေပါလားလို့ ပြောမယ် ဆိုလည်း ခံရမှာပဲ။ ကျွန်တော့်ကို ကလည်း မနေတတ်တာ။ အခု ဒီပို့စ်ရေးနေတဲ့ အချိန်မှာတောင် ကျွန်တော့်ဘေး ကပ်ရပ်မှာ ကျူနေတာလား၊ အကျူခံနေတာလား မသိရတဲ့ ကောင်မလေး တစ်ယောက်တောင် လောလောလတ်လတ် ရှိနေသေးတယ်။ ကျွန်တော် အပါအ၀င် ကျွန်တော့်မိတ်ဆွေ ဘလော့ဂါ ညီအစ်ကို၊ မောင်နှမ တော်တော်များများ လည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးပြီးခဲ့ကြပါပြီ။ ဒါတွေကို သူတို့ မဖတ်မိလို့လား။ မဖတ်ချင်တာလား။ […]

Left4Dead Pc Game

ကျွန်တော် ဘလော့ဂ်ရေးချိန် လေးတွေကို ဒီဂိမ်းက ဖဲ့ယူနေတာ ကြာပြီဗျ။ ပို့စ်တွေတောင် မတင်ဖြစ်ဘူး ဖြစ်နေတယ်။ ရေးမယ်လို့ စိတ်ကူးထားတဲ့ အကြောင်းတွေ ရှိပေမယ့် ဘလော့ဂ်ရေးချိန် ဒီဂိမ်းကို ဆော့နေရတာနဲ့ ကျွန်တော် ပို့စ်မတင်ဖြစ်တော့ဘူး ခင်ဗျ။ အခုဆို Left4Dead3 တောင် ထွက်နေပါပြီ။ ဇာတ်လမ်းရော၊ ဂရပ်ဖစ်တွေကပါ တော်တော်ကို ဆော့လို့ကောင်း စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ပါ။ ပုံကို မြင်ရင် ဘာဂိမ်းလဲဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးဗျာ။ နားကြပ်တပ်ပြီး အသံကိုချဲ့၊ ညသန်းခေါင်လောက်မှာ ဆော့ရင် ပိုတောင် ဆော့လို့ကောင်းသေးတယ်။ ကိုယ့်စိတ် ကိုယ်မနိုင်ရင်တော့ ကလေးသေးခံ လေးတစ်ခု အောက်မှာ ခင်းထိုင်ပြီး ဆော့ပေါ့ဗျာ။ အဟဲ။ နှလုံးရောဂါရှိသူတွေတော့ မဆော့ဖို့ ကြိုတင် သတိပေးချင်ပါတယ်။ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုပဲ […]