တောင့်တသူတို့ ၀မ်းမြောက်ဖွယ်

Blog လုပ်ဖို့တောင်းဆိုထားတဲ့ member များအားလုံး ခင်ဗျာ… ကျွန်တော်တို့ MMgenius Blog Service မှ အကြောင်းအမျိုးမျိုးကြောင့် လစ်ဟင်းမှုများစွာ ဖြစ်ခဲ့ပါတယ်… member များရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုခဲ့တာ မဟုတ်ပါဘူး… MMgenius ကို ပြန်လည် အသက် သွင်းနေရင်း အချိန်များစွာ ကုန်လွန်ခဲ့ပြီးပါပြီ… ခု လာမယ့် မတ်လ ၂ (တောင်သူလယ်သမားနေ့)မှ စတင်ပြီး member များရဲ့ တောင်းဆိုမှုများအားလုံးကို MMgenius မှ Invite လုပ်ပေးမည်ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ခင်ဗျာ… MMgenius Admin http://mmgenius.com

ယူစေတော့

ငါ့မှာ ဘာမှ မရှိဘူး ကောင်မလေး ရယ်။ ငါ့ တသက်လုံး စောင့်စည်းလာတဲ့ သစ္စာတွေကိုပဲ နင် ထပ်ယူပါနော်။

ဆုတောင်း

ငါ မြက် ဖြစ်ချိန် နှုတ်ယူဖို့ ကြိုးစားတဲ့ သူတွေ၊ မုန်တိုင်းမှာ မင်းတို့ စပါးတွေ သက်စိုးရှည်ပါစေ………………။

Slider Problem

ကျွန်တော် Web2feel wordpress themes website ကနေ ဒီ Theme လေးကို တင်လိုက်တာပါ။ မောင်သားဖြိုး တင်ထားတာကို အားကျပြီး ကျွန်တော်လည်း ဒီလိုလှတ ပတ Theme လေးကို တင်ချင်တဲ့ စိတ်လေးတွေ တဖွားဖွား ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော့်ဆရာ မောင်သားဖြိုး ကို မေးတော့ သူကလမ်းညွှန် ပေးပါတယ်။ သူ့လိုသီးမ်စ် တွေလိုချင်ရင် အဲဒီ ၀ဗ်ဆိုဒ်ကို သွားပြီး ကြိုက်တာကို ရွေး၊ ကြိုက်သလို သုံးနိုင်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ဟုတ်ပြီပေါ့။ သူပြောသလိုပဲ Web2feel ကို သွားပြီး ကျွန်တော်ကြိုက်မယ့် သီးမ်စ်တွေကို ဒေါင်းလုဒ်ချပါတယ်။ Web2feel မှာ wordpresser တွေအတွက် wordpress theme တွေတော်တော် […]

ယူအေအီး ကြမ်းပိုး

<![CDATA[ ပြောမယ် ပြောမယ်နဲ့ ကျွန်တော်လည်း မပြောဖြစ်ခဲ့ဘူးဗျ။ ပြောချင်နေတာ ကတော့ တော်တော်ကြာပြီ။ ပထမဆုံး ကျွန်တော် ယူအေအီးကို အလုပ်ရှာဖို့ သွားတဲ့အခေါက်က အကြောင်းလေးပါ။ အစဆုံး အခေါက်လည်း ဖြစ်၊ အလည်ဗီဇာ နဲ့ သွားတာကလည်း ဖြစ်၊ အလုပ်ရှာဖို့ အတွက်လည်း ဖြစ်တော့ အလုပ်မရခင် စပ်ကြားမှာ နေဖို့ထိုင်ဖို့ အခန်းတစ်ခုကို မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီနဲ့ ကြိုတင် ငှားခိုင်းခဲ့ပါတယ်။ နေရာကတော့ အဘူဒါဘီမြို့ရဲ့ ဟမ်ဒါးန် လမ်းမမှာပါ။ ရောက်တဲ့ နေ့မှာပဲ အဲဒီအခန်းကို ပါလာတဲ့ အထုပ်အပိုးတွေ သယ်ပြီး တခါတည်း သွားနေဖြစ်ပါတယ်။ ရပ်ကွက်နေရာ ကတော့ နေရာကောင်း လေးပါ။ ဆိုးတာက ကျွန်တော်နေထိုင်ရတဲ့ ငှားရမ်းခဲ့တဲ့ အဲဒီတိုက်ပါပဲ။ အဲဒီ တိုက်ကြီးမှာ […]

ကျော်ခွနိုင်စေဖို့

ပတ္တမြားမှန်ရင် နွံနစ်ရိုး ထုံးစံမရှိပါဟု ကျွန်တော်၏ ဆရာမောင်သားဖြိုးက ကောမန့်တွင် ပြောလာပါသည်။ မှန်ပါသည်။ ကျွန်တော်တို့ အားလုံး ဇွဲရှိစွာဖြင့် စိတ်ဓါတ်မချပဲ ရှေ့သို့ဆက်လက် ချီတက်ကြပါဦးမည်။ ကျွန်တော်တို့ ချစ်သော ဘလော့ဂ်စာမျက်နှာ များကို ဆက်လက်ရှင်သန်စေပါဦးမည်။ ၀ါသနာ၊ ဗဟုသုတများကို ဆက်လက် ဖြန့်ဝေပါဦးမည်။ ဘယ်လိုလူတွေ ဘယ်လောက်ပင် ဖျက်စီးပါစေ၊ ပိတ်ပင်ပါစေ ဆက်လက် လျှောက်လှမ်းနေပါဦးမည်။ နေပူထဲတွင် အခြားသူများကို လှည့်မကြည့်ပဲ၊ (ခဏခဏ ထကြည့်ရင် အိပ်ရေးပျက်တယ် ဆိုပဲ) ကွန်ယက်ပေါ်တွင် ဆက်လက် ရှင်သန်နေပါဦးမည်။ အားလုံးသိကြသည့် အတိုင်း ကျွန်ုပ်တို့ mmgenius group အဘန်းခံလိုက် ရပါသည်။ လွယ်ကူ လွတ်လပ်စွာ ဘလော့ဂ်ရေးခွင့် ဆုံးရှုံးခဲ့ရပါသည်။ တချိန်က ဘလော့ဂ်စပေါ့တ် ယူဇာများလို ကျွန်တော်တို့လည်း ကျော်ခွရသည့် […]