From .. Kaung ma lay

Kissing Prairie Dogs Pictures, Images and Photos

အမြဲတမ်းပြောနေကျ စကားတစ်ခွန်းကိုပဲ ငါထပ်ပြောမယ်။ အရမ်းသတိရတယ်ဟာ။ နင်နဲ့ငါနားထောင်နေကျ သီချင်းတွေကို နင့်ကိုငါသတိရတဲ့အချိန်တိုင်း နားထောင်မိတယ်။ အဲဒီသီချင်းလေးတွေကို နားထောင်ရင်း ငါတို့ ၂ ယောက်နီးခဲ့ရသလို၊ အဲဒီသီချင်းလေးတွေကို နားထောင်ရင်းနဲ့ပဲ နင်နဲ့ငါခွဲခဲ့ကြရတယ်နော်။ ငါဘယ်လိုနေရမလဲ။ နင့်ရဲ့ငိုသံတွေကို ငါဘယ်လိုနားထောင်ရမလဲ။ နင်ပြောခဲ့သလို နောင်တချိန်ငါတို့ အမြဲတူတူနေရဖို့ အခုခဏဝေးနေရတာပဲ ဖြစ်ပါစေဟာ။

ကောင်မလေးရေ….

နင်ပို့ပေးလိုက်တဲ့ အိတ်ဆောင်အဘိဓါန်လေးကို အခုလည်းငါဖတ်နေတုန်းပဲ။ အဲဒီအဘိဓါန်စာအုပ်လေးရဲ့ Alpahbets တွေနဲ့အတူတူ နင့်ရဲ့စိတ်ကူးလှလှလေးနဲ့ ရေးပေးခဲ့တဲ့ နင့်ရဲ့စာရွက်အပိုင်းလေးတွေကို အခုလည်းငါဖတ်နေတုန်းပဲ . . .

A – အလိုတော်နဲ့ (ဘုရားသခင်) အလိုတော်နဲ့ နီးစပ်ခွင့်ရခဲ့တဲ့ မင်းခက်နဲ့ Paraween ကိုအမြန်ဆုံး နီးကပ်ခွင့်ပေးပါစေ။ အလိုတော်နဲ့ မင်းခက်အစစအရာအရာ အဆင်ပြေပါစေ။ Paraween ကိုလည်း အရင်ကထက် ပိုပြီးချစ်နိုင်ပါစေ။

B – ဘာတွေစဉ်းစားနေတာလဲ။ Paraween အကြောင်းရော ပါရဲ့လား။ မင်းခက် ဘာတွေပဲလုပ်နေလုပ်နေ၊ ဘယ်သူနဲ့ပဲရှိနေရှိနေ Paraween ကိုတော့ သတိရပေးပါနော်။

C – စွန်းစားပြီးမောင့်အချစ်နောက်ကိုလိုက်ခဲ့တဲ့ Paraween ကိုတသက်လုံး ချစ်နေပါနော်။

D – ဒီလိုသာအကြာကြီး ခွဲပြီးနေရရင် Paraween သေသွားလိမ့်မယ်သိလား။ Paraween ကိုမင်းခက်အနား အမြန်ခေါ်ပါနော်။

E – အရာရာမင်းရဲ့သဘောပါ သွားချင်ရာသွား တားခွင့်မရှိသူပါ။ (ဒါက သီချင်းနော်)၊ ဘယ်ပဲသွားသွား Paraween ကိုပြောပြရမယ်နော်။ ကြားလား။ Paraween မှာတားခွင့်အပြည့်အ၀ရှိတယ်။ မင်းခက်မိန်းမအကြောင်း မင်းခက်သိတယ်နော်။

F – Family တစ်ခုဖြစ်ဖို့အတွက် ကြိုးစားကြရအောင်နော်။ မင်းခက်ရေ… အားတင်းထားပါ။ နောက်ဆို ပြည့်စုံတဲ့မိသားစုလေးဖြစ်အောင် ကြိုးစားကြမယ်နော်။

G – G ဆိုတော့ (ဂငယ်) ပေါ့။ ဘာရေးရမှန်းလည်း မသိတော့ဘူး။ အင်း။ ဂါးဂါးငါးမုန့်စားချင်တယ်။ ၀ယ်ကျွေးနော်။

H – Hello … ဒါလင် မတွေ့ရတာကြာပြီနော်။ ဟိတ်- Paraween ကိုချစ်လား။ တစ်သက်လုံး ချစ်ရမယ်နော်။

I – အချိန်တိုင်း မင်းခက်ကိုလွမ်းနေတယ်ဆိုတာ မင်းခက်အကြွင်းမဲ့ ယုံကြည်ပေးထားပါနော်။ အချစ်ရယ်.. မင်းခက် Paraween အနားမှာမရှိပဲ Paraween တစ်စက္ကန့်လေးတောင် မပျော်နိုင်ဘူး။ (တကယ်)

J – J ဆိုတော့ (ဂငယ်) ပဲပေါ့။ လာပြန်ပြီ။ မရေးတတ်ပါဘူးဆိုမှ။ တစ်ခုတော့ရှိတယ်။ အွန်လိုင်းမှာ တွေ့မှပဲ ပြောပြမယ်နော်။

K – ကောင်းကင်ပေါ်က ကြယ်လေးတွေမရေတွက်နိုင်အောင် များပြားသလို Paraween ရင်ထဲက အချစ်တွေလဲ မင်းခက်မရေတွက်နိုင်ဘူး။ (ဟုတ်တယ်မလား)

L – Lovely လေး။ မင်းခက်ကို Paraween အရမ်းချစ်တာ မင်းခက်သိလား။

M – မင်းခက်ရေ။ ဘာလိုလိုနဲ့ Paraween တို့ရဲ့အချစ်ခရီးလမ်းလေး (၂) နှစ်ပြည့်တော့မယ်နော်။ မင်းခက်အပေါ် ဆိုးခဲ့တာတွေ အနိုင်ကျင့်ခဲ့တာတွေ ခွင့်လွှတ်ပေးပါနော်။ မင်းခက်ကို အရမ်းချစ်တယ်။

Dic

ကောင်မလေးရေ… ကျန်တာတွေကို နောက်နေ့မှဆက်ရေးပေးမယ်နော်။ ဒီမှာ အရမ်းမိုးချုပ်နေပြီ။ နင်အိပ်မက်လှလှမက်နေပါစေ။

Advertisements

One thought on “From .. Kaung ma lay

  1. ၀ူး……….. မိုက်တယ်ကွာ၊ အားကျမိ၏။ တချို့နေရာလေးတွေ တူသဗျာ၊ စာလေးတွေ ရေးပေးလိုက်တာမျိုးပေါ့။ အနော့်ကိုဆိုရင် တနေ့ကို တရွက်ဖတ်ရမယ်ဆိုပြီး စိတ်ကူးကောင်းကောင်းနဲ့ စာကြောင်းလေးတွေ ရေးပေးလိုက်ပါသတဲ့။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s